နဲနဲတော့အလုပ်ရှုပ်ပါတယ်၊၊အဲလိုလုပ်ဖို့အတွက်ဆိုရင် Ooredoo Sim ကတ်များများရှိရပါ့မယ်။
ကိုယ့်ရဲ့အသုံးပြုမှုအပေါ်မူတည်ပြီး Sim များလေ ကောင်းလေပါပဲ။ ပုံမှန်လောက်ပဲသုံးတဲ့သူဆိုရင် လေးကတတ်လောက်ဆိုရင်လုံလောက်ပါတယ်။
မသုံးတော့ဘဲပစ်ထားတဲ့ Sim အဟောင်းတွေနဲ့လည်းလုပ်လို့ရပါတယ်။
Ooredoo က မသုံးဘဲပစ်ထားတဲ့ကတ်တွေကိုပြန်သုံးရင် ဘောနပ်သေချာပေါက်ပေးတာပါ။မဖြုတ်ဘဲဆက်တိုက်ထည့်ထားတဲ့ကတ်တွေကိုပေးလေ့မရှိပါဘူး။
အနဲဆုံးတစ်ထောင်ထည့်ရုံနဲ့ ဘောနပ်တစ်သောင်းပေးမှာပါ။သူ့ကတ်ကိုပြန်သုံးတဲ့အတွက်ပေးတာပါ။
အဲဒီအချက်ကိုအသုံးချပြီးငွေဖြည့်တိုင်းဘောနပ်ရအောင်လုပ်ရမှာပါ။
ကတ်တစ်ခုကို တစ်ထောင်ဖြည့်ပြီးသုံးပါ။ကုန်သွားရင် ဘေထပ်မဖြည့်ပါနဲ့။Sim ကို ဖြုတ်ပြီးသိမ်းထားပါ။နောက်sim တစ်ခုကို ဘေတစ်ထောင်ထည့်ပြီး သုံးကုန်ရင်ဖြုတ်သိမ်းထားပါ။ကိုယ့်မှာရှိသလောက်sim တွေကိုအဲလိုမျိုးလုပ်ထားပါ။
အနဲဆုံးတစ်ပတ် နှစ်ပတ်ဖြုတ်ထားတဲ့sim ပြန်ထည့်ရင်ဘောနပ်တစ်သောင်းသေချာပေါက်ရပါလိမ့်မယ်။
ကိုယ်ကSim တစ်ကတ်ကို တစ်ပတ်သုံးတယ်ဆိုပါဆို့။တစ်လဆို လေးကတ်ပါ။နောက်ဆုံးSim ကတ်သုံးပြီးတဲ့အချိန်မှာ ပထမဆုံးသုံးပြီးဖြုတ်ထားတဲ့Sim က မသုံးတာတစ်လရှိနေပြီဖြစ်တဲ့အတွက်ပြန်သုံးတဲ့အချိန်ဘောနပ်တစ်သောင်းကပြန်ပွင့်နေပါပြီ။
သတိထားရမှာက ဘေကိုအရင်မဖြည့်ရပါ။*234#ကိုအရင်ခေါ်ပြီးမှတစ်သောင်းရမယ်ဆိုတာကိုသေချာမှ
ဖြည့်ပါ။သေချာတယ်ဆိုရင်1ကိုနှိပ်ပြီးအတည်ပြုပေးပါ။
ပြီးမှဘေတစ်ထောင်ထည့်လိုက်ပါ။
မရှင်းရင်မေးမြန်းနိုင်ပါတယ်။
အဆင်ပြေကြပါစေ
ကျတော့်Fb သို့
Fb page သို့
No comments:
Post a Comment